လူနာ ဂွစာ (၅)
11-Mar-2017"ဆရာရေ... ကယ်ပါဦး... ကျွန်တော် ဘယ်နေရာကို ထိထိ နာနေတယ်ခင်ဗျ..."
"ဘယ်လိုမျိုးထိရင် နာတာလဲ?"
လူနာက သူ့ ပုခုံးကို လက်ချောင်းဖြင့် အသာထိလျှက်
"ပုခုံးကို ဒီလို ထိရင်လည်းနာတယ်... ဒူးကို ထိရင်လည်း နာတယ်... နဖူးကို ထိရင်တောင် နာတယ်ဗျ..."
"ခင်ဗျား ဘာဖြစ်တာလဲ ဆိုတာ ကျွန်တော်သိပြီ..."
"ဘာဖြစ်တာလဲ ဆရာ..."
"ခင်ဗျား လက်ချောင်းရိုး ကျိုးသွားတာလေ..."
Credit : ကြယ်မင်းတာရာ